လိပ်သို မတ် ၁၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နေ့လယ် ၁၁ နာရီခွဲအချိန်က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ နှင့်ပူးပေါင်း၍ စာရေးဆရာဆူးသစ် ရေးသားသည့် “ခွန်အားရှိသောစာ ခွန်အားရှိသော လူငယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာပေလေ့လာဖတ်ရှုခြင်းဖြင့် ဗဟုသုတကြွယ်ဝနိုင် ကြောင်းနှင့် လူငယ်များအနေဖြင့် စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို သိရှိစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာအုပ်၏ အမှာစာများကို ဦးစွာရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာ ဆူးသစ် ရေးသားသည့် ခွန်အားရှိသောစာ ခွန်အားရှိ သောလူငယ် စာအုပ်အား (Book Club) အဖွဲ့ဝင် မောင်မင်းသန့်နိုင်က “လူငယ်နှင့် အတု ယူခြင်း” ခေါင်းစဉ်ပါ ကျွန်တော်တို့လူမှုလောကပတ်ဝန်းကျင်သည် အရာရာတိုင်း အသစ် အသစ်တို့ဖြင့် တိုးဝင်ဖုံးလွှမ်းခံလာရကြောင်း၊ လူငယ်လူရွယ်တို့၏ အာရုံကလည်း အသစ် အသစ်တို့၏နောက်သို့ စုပြုံလျက်လိုက်ကြကြောင်း၊ ဂီတအသစ်၊ ရုပ်ရှင်အသစ်၊ စာပေ အသစ်၊ ဝတ်စားဆင်ယင်မှုပုံစံအသစ် စသည်ဖြင့် အသစ်တို့၏ ဖမ်းစားမှုကို လူငယ်တွေ ကြုံလာရကြောင်း၊နည်းပညာပိုင်းဆိုင်ရာ သူငယ်ချင်းများ၏ ကြိုးစားမှုများက နိုင်ငံတကာ နှင့်ယှဉ်ရသည်ကို တွေ့ရကြောင်း၊ (IT) ပိုင်းမှာလူငယ်များက နည်းပညာသစ်များကို အမီ လိုက်နေသည်မှာ ကြောက်ဖွယ်လိလိပင်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး အဆိုပါ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ရသည့်အတွက် လူငယ်တွေမှာ စဉ်းစားသုံးသပ်တတ်ဖို့ အချိန်အခွင့် အရေးတွေရတိုင်း စဉ်းစားစေချင်ပါကြောင်း၊ ကိုယ်ပြုသမျှသည် နောက်ထပ်သက်တမ်း တစ်ခုကို ရိုက်ခတ်နေသည်ဆိုတာကို သတိပြုရပေမည်ဖြစ်ကြောင်း၊ အကယ်၍ တကယ့် အစစ်အမှန်ဖြစ် အောင်ပွားနိုင်သော အတုများကို လူငယ်များ ရှာဖွေတွေ့နိုင်မည်ဆိုလျှင် ဖြင့် ကျွန်တော်တို့ အတုယူလိုက်သော အရာတွေ၏အကျိုးကို ကောင်းစွာခံစားရမည်ဖြစ် သလို နောက်သက်တမ်းတစ်ခုမှာ လူငယ်ဖြစ်လာမည့် ကလေးတွေအနေနှင့် ကျွန်တော်တို့ လူငယ်တွေ၏ လုပ်ရပ်ကို စံပြအဖြစ်ထပ်မံပွားများ အတုယူနိုင်လိမ့်မည်ဖြစ်ကြောင်း ကိုလည်း အသိပညာဗဟုသုအနေဖြင့် သိရှိခွင့်ရမည်ဖြစ်ကြောင်းသိရသည်။
ခင်လေးနွယ် (လိပ်သို)