ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကင်းဝေးစေရေးအတွက် Mask များ ဝေငှခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်

ပန်းတောင်း အောက်တိုဘာ ၁


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်မြို့မဈေးတွင် နှာခေါင်းစည်း Mask များ ဝေငှခြင်းနှင့် မလိုအပ်ဘဲ အပြင်ထွက်လာခြင်းမရှိစေရေးကို ယနေ့ နံနက် (၇) နာရီအချိန်က ပန်းတောင်းမြို့နယ်အတွင်းရှိ မြို့မစျေးတွင် စျေးဝယ်လာသူပြည်သူများအား အသိပညာ ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးတိုးအောင်လွင်နှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့များတို့ ပူးပေါင်း၍ ပန်းတောင်းမြို့မစျေးတွင် စျေးရောင်းချနေသူ စျေးသည်များအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ ရောင်းချနေခြင်းရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး၍ Mask များ ဝေငှပေးခဲ့ကြောင်း သိရသည်။ အပြင်ထွက်သည့်အခါတိုင်း
နှာခေါင်းစည်း တပ်ဆင်ကြရန်၊ လူစုလူဝေးနေရာများကို မလိုအပ်ဘဲ သွားလာခြင်းမပြုရန် စသည်တို့ကိုလည်း Hand Speaker များနှင့် ပြည်သူများသိရှိနိုင်စေရန်အတွက် ကြေညာ ပေးခဲ့ကြောင်း သိရှိရသည်။
သင်းသင်းအေး (ပြန်/ဆက်)