ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကဗျာရွတ်ဆိုပြိုင်ပွဲဆောင်ရွက်

ကလိန်အောင်  ‌မတ် ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင်  ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့မွန်းလွဲ(၁)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြိုင်ပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး(တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က  ကျောင်းသူ/ကျောင်းသားများက နွေရာသီကျောင်းပိတ်ရက် အားလပ်သောအချိန်ကို အကျိုးစွာအသုံးချတက်စေရန်၊  ပြင်ပဗဟုသုတများရရှိစေရန် အတွေးအခေါ်ရင့်သန်လာစေရန်၊ စာပေအကျိုးကျေးဇူးများကိုသိရှိစေရန် အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ စာပေတန်ဖိုးကို သိရှိလေ့လာ မှတ်သားတတ်စေရန်နှင့် စာဖတ်ပရိတ်သတ်များ တိုးပွားလာစေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်စသည့် ရည်ရွယ်ချက်များကို ရှင်းလင်းခဲ့ပြီး ပြိုင်ပွဲကိုကလေးလူငယ်လူရွယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံး ပါဝင်ယှဉ်နိုင်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)