မော်လမြိုင်ကျွန်းမြို့နယ်တွင် သွေးတိုးရောဂါအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်

မော်လမြိုင်ကျွန်း မတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် သွေးတိုးရောဂါ အကြောင်းသိကောင်းစရာ အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်သည်။

အဆိုပါအသိပညာပေး Talk Show အစီအစဉ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းနှင့် (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံးအုပ် ဦးခိုင်ထွန်းဇော်တို့ ဆွေးနွေးခဲ့ကြပြီး သွေးတိုးလက္ခဏာဆောင်ရန်၊ ရှောင်ရန်အကြောင်းအရင်းများ၊ ဖြစ်ဆဲလက္ခဏာများ ကုသရန်နည်းလမ်းများ၊ သွေးတိုးရောဂါသိကောင်းစရာများအ ကြောင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)