ကဝမြို့ နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်းမြင့်မားလာသဖြင့် ထိန်းချုပ်ကာကွယ်နိုင်ရေး အတွက် ပြည်သူသို့အသိပေး ကြေညာ

ကဝ အောက်တိုဘာ  ၁


ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ကဝမြို့နယ် စည်ပင်သာယာရေးဌာနမှ ကဝမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း မြင့်မားလာသဖြင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများသို့ အသိပေးကြေညာခြင်းကို ယမန်နေ့ ညနေ (၁၆:၃၀)နာရီအချိန်တွင် ကဝမြို့ပေါ်ရပ်ကွက် အသီးသီးသို့ လှည့်လည်အသိပေးကြေညာခဲ့သည်။


ထိုသို့ အသိပေးကြေညာရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကဝမြို့မ အနောက်ဈေး၊ အုန်းနှဲကျေးလက်ဈေး အုန်းနှဲဘူတာ ပျံကျဈေးတို့အား လူစုလူဝေးမဖြစ်စေရေးတို့အတွက် ယာယီအကန့်အသတ်မရှိ ပိတ်သိမ်းထာပြီး ဈေးရောင်းချသူများ၏ စားဝတ်နေရေးအတွက် ဈေးရောင်းလိုပါက လှည့်လည်၍လည်းကောင်း၊နေအိမ်တွင် အိမ်ဆိုင်ဖွင့်၍လည်းကောင်း ရောင်းချနိုင် ပါကြောင်း ၁၉--၂၀၂၀ ရက်နေ့တွင် ကြော်ငြာစာအမှတ် ၁၃/၂၀၂၀ ဖြင့် အသိပေးကြေညာခဲ့ပြီး ဖြစ်သော်လည်း ကျန်းမာရေးနှင့်အားကားဝန်ကြီးဌာန၏ ၂၅--၂၀၂၀ ရက်နေ့ထုတ်ပြန်ချက်အရ ကဝမြို့နယ်သည် stay at home ပြုလုပ်သည့် မြို့နယ်များတွင် ပါဝင်သဖြင့် ကဝမြို့ပေါ်ရှိ စားသောက်ဆိုင်များ လဖ္ဘက်ရည်ဆိုင်များ ၊မုန့်ဟင်းခါးဆိုင်များ၊ အသုပ်နှင့်ခေါက်ဆွဲဆိုင်များ ထမင်းနှင့်ထမင်းကြော်ဆိုင်များ၌ဆိုင်ထိုင်စားသောက်ခြင်းကိုလုံးဝခွင့်မပြုပါကြောင်းနှင့် ပါဆယ်စနစ်ဖြင့် သာရောင်းချသွားရန်အသိပေးကြေညာခဲ့သည်။


ထိုအသိပေးကြေညာချက်ကို       လိုက်နာဆောင်ရွက်ခြင်းမရှိပဲ    လူစုလူဝေးဖြင့်ဈေးရောင်းခြင်း ဈေးဝယ်ခြင်း များတွေ့ရှိပါက တည်ဆဲဥပဒ အရလည်းကောင်း၊ စည်ပင်သာယာရေးဥပဒေ အရလည်းကောင်း ၊သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေအရလည်းကောင်း အရေးယူခြင်းခံရမည်ဖြစ်ကြောင်းတို့ကို လှည့်လည်ကြေညာခဲ့ကြောင်းသိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)