ရွှေဘို အောက်တိုဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကျန်းမာရေး ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် လုံခြုံရေးတာဝန်ယူဆောင်ရွက်မည့် အထူးရဲသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် (၉)နာရီက ရွှေဘိုမြို့ အထက(၃)ရှိ သိင်္ခခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်မောင် မှ သင်တန်း ဖွင့်လှစ် ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ သင်တန်းသားများအနေဖြင့် သင်ကြား ပို့ချမှုများကို စိတ်ဝင်စားစွာ လေ့လာမှတ်သားကြားရန်နှင့် မကြာခင်ကျင်းပတော့မည့် ရွေး ကောက်ပွဲကြီး အောင်မြင်စွာကျင်းပပြီးစီးနိုင်ဖို့ ယခုသင်တန်းကို တက်ရောက်နေခြင်းဖြစ် ကြောင်း ခံယူချက်ထားရှိရန် ပြောကြားခဲ့သည်။
အဆိုပါ အထူးရဲသင်တန်းကို ရွှေဘိုမြို့နယ်အတွင်းမှ အသက်(၁၈)နှစ်မှ (၆၀)နှစ်ကြားရှိ အလယ် တန်းပညာရေး အောင်မြင်ပြီးသော အမျိုးသား(၁၇၁)ဦးအား သင်တန်းနည်းပြ(၆)ဦးမှ အောက်တိုဘာ(၂၈)နေ့အထိ ပို့ချသွားမည်ဖြစ်ကြောင်း ရွှေဘိုမြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းဆန်းဦး မှပြောကြားသည်။
ထိုအထူးရဲသင်တန်းဖွင့်ပွဲသို့ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်မောင်၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးသောင်းဟိန်းနှင့် မြို့နယ်အဆင့်တာဝန်ရှိသူများ၊ အထူးရဲသင်တန်း သား(၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းမြင့်အောင်(ရွှေဘို)