ရွှေဘိုခရိုင် တန့်ဆည်မြို့၌ ကိုဗစ် -၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပညာရေး မိသားစု များက အလှူငွေကျပ်သိန်း(၄၀)ပေးအပ်

တန့်ဆည်   အောက်တိုဘာ    ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ မြို့နယ်ပညာရေးဝန်ထမ်းမိသားစုများက အလှူငွေ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီ အချိန်မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ ပေးအပ်ပွဲတွင် တန့်ဆည်မြို့ ဒုတိယမြို့နယ်ပညာရေးမှူးဦးမိုးဟိန်းက အလှူငွေပေး အပ်ရခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီး၊မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ ဦးကျော်စွာမင်းက အလှူငွေများ လက်ခံရရှိမှု၊ သုံးစွဲမှုအခြေအနေများကိုရှင်းလင်းပြောကြားပြီး  ယခုလို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း လှူဒါန်းမှုအတွက်ကျေးဇူးတင် စကားပြောကြားသည်။

ထို့နောက်မြို့နယ် အဆင့်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ် တုံ့ပြန် ရေးကော်မတီသို့ ပညာရေးဝန်ထမ်းမိသားစုမှ လှူဒါန်းငွေကျပ် သိန်း(၄၀)ကျော်အား ပေးအပ်ခဲ့ ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းသိရသည်။

ငြိမ်းမင်းထွန်း(တန့်ဆည်)