လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသတ်မှတ်စည်းကမ်းချက်များ လိုက်နာမှု ရှိမရှိ စစ်ဆေး

လက်ပံတန်း. အောက်တိုဘာ ၁

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များ လိုက်နာမှုရှိမရှိ ကို ယနေ့နံနက်ပိုင်းက မြို့နယ် အတွင်းရှိ အိမ်ဈေးဆိုင်များ မိုဘိုင်းဈေးသည်များ ဈေးရောင်းချမှုများအား လှည့်လည်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီမှ ရောဂါကူးစက်မှုများ မပြန့်ပွားစေရေးအတွက် လူစုလူဝေးရှိနေသည့် မြို့နယ်အတွင်းရှိဈေးများအားအောက်တိုဘာလ (၁)ရက်နေ့မှစ၍ (၂)ပတ် ခန့်ပိတ်၍ မိုဘိုင်းစနစ်ဖြင့်စားသောက်ကုန်များအား မြို့နယ်အတွင်း လှည့်လည် ရောင်းချစေရန် အသိပေးဆောင်ရွက်ပြီးဖြစ်၍ သတ်မှတ်စည်းကမ်းချက်များ လိုက်နာမှုရှိမရှိ စစ်ဆေးခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ လက်ထောက်ညွန်ကြားရေးမှူး ဦးကျော်စွာလင်း ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များမှ လှည့်လည်စစ်ဆေးခဲ့ကြသည်။

အဆိုပါအဖွဲ့မှ အိမ်ဆိုင်များအား သတ်မှတ်စည်းအတွင်း ရောင်းချရန်၊ နှာခေါင်းစည်း၊ လက်အိတ်များ ဝတ်ဆင်ရောင်းချရန်နှင့် မိုဘိုင်းဈေးသည်များ လူစုလူဝေးမဖြစ်စေရန်နှင့် သတ်မှတ်စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရန် စစ်ဆေးမှာကြားခဲ့ကြောင်းသိရသည်။

ဝင့်နန္ဒာဌေး