မကွေး မတ် ၁၄
၂/၂၀၂၃ မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေး လမ်းညွှန်မှာကြားချက်များ ရှင်းလင်းခြင်းနှင့် ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများအား ဆွေးနွေးခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်/မြို့နယ် အသီးသီးရှိ တာဝန်ခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးသန့်ဇင်ကိုကိုက အဖွင့်အမှာစကား ပြောကြားရာတွင် မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီမှ လူဦးရေစာရင်းများ ကောက်ယူခြင်းလုပ်ငန်းများ လမ်းညွှန်မှုနှင့်ပတ်သက်၍ သိရှိနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ခရိုင်/ မြို့နယ်များအချင်းချင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းစီမံခန့်ခွဲမှုများအား တာဝန်ရှိသူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး အချင်းချင်းဖလှယ်ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများ ဆောင် ရွက်နိုင်မှု ပိုမိုတိုးတက်အောင်မြင်မည်ဖြစ်ပါကြောင်း၊ ခရိုင်/မြို့နယ် တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းများ စီမံ ခန့်ခွဲရာတွင် ထိရောက်မှုရှိရန် လိုအပ်ပြီး ဝန်ထမ်းတစ်ဦးချင်၏ အရည်အသွေးများ ပိုမိုတိုးတက် ကောင်းမွန်ကာ လုပ်ငန်းများ ပိုမိုမြန်ဆန် ပြီးမြောက်စေရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင်လည်း မိမိခရိုင်/မြို့နယ်အသီးသီးရှိ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက်အခဲများအား ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလိုကြောင်းနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးဟိန်းကျော်အောင်က ၂/၂၀၂၃ မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေး လမ်းညွှန်မှာကြားချက်များ ရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး e-ID team အဖွဲ့မှ ဦးစီးအရာရှိ ဦးထွန်းနန္ဒအောင်နှင့် ဒု-လဝကမှူး ဦးကောင်းခန့်ဇော်က e-ID လုပ်ငန်း များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးများက မိမိတို့ခရိုင်/မြို့နယ်များတွင် လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ e-ID လူဦးရေစာရင်းသွင်းခြင်းလုပ်ငန်းများဆောင်ရွက်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး ရှင်းလင်းချက်များအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)