ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနများ၌ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒ ဘာသာရပ်အား ဖြေဆို

ပုသိမ် မတ် ၁၃

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ စာစစ်ဌာနအသီးသီးတို့တွင် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်အား ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်ခရိုင်တွင် ဖြေဆိုသူ (၁၇၈၇)ဦးဖြင့် ဖြေဆိုသူ ရာခိုင်နှုန်း (၉၀.၇၁)ရာခိုင်နှုန်း၊ ကျုံပျော်ခရိုင်တွင် ဖြေဆိုသူ(၅၃၉)ဦးဖြင့် ဖြေဆိုသူရာခိုင်နှုန်း (၉၄.၀၇)ရာခိုင်နှုန်း၊ ဟင်္သာတခရိုင်တွင် ဖြေဆိုသူ (၈၁၁)ဦးဖြင့် ဖြေဆိုသူရာခိုင်နှုန်း (၉၁.၃၃)ရာခိုင်နှုန်း၊ မြန်အောင်ခရိုင်တွင် ဖြေဆိုသူ(၅၅၉)ဦးဖြင့် ဖြေဆိုသူ ရာခိုင်နှုန်း (၉၃.၇၉)ရာခိုင်နှုန်း၊ မြောင်းမြခရိုင်တွင် ဖြေဆိုသူ(၁၁၅၂)ဦးဖြင့် ဖြေဆိုသူ ရာခိုင်နှုန်း (၉၁.၄၃)ရာခိုင်နှုန်း၊ လပွတ္တာခရိုင်တွင် ဖြေဆိုသူ(၇၇၀)ဦးဖြင့် ဖြေဆိုသူရာခိုင်နှုန်း (၈၉.၈၅)ရာခိုင်နှုန်း၊ မအူပင်ခရိုင်တွင် ဖြေဆိုသူ (၁၀၆၉)ဦးဖြင့် ဖြေဆိုသူရာခိုင်နှုန်း (၉၁.၇၆) ရာခိုင်နှုန်း၊ ဖျာပုံခရိုင်တွင် ဖြေဆိုသူ (၁၆၈၀)ဦးဖြင့် ဖြေဆိုသူ ရာခိုင်နှုန်း (၉၁.၆၅)ရာခိုင်နှုန်း ဝင်ရောက် ဖြေဆိုကြောင်း တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရှိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် ကျောင်းသား/သူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝန်းအတွင်းနှင့် အပြင်တို့တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ အထောက်အကူပြုအဖွဲ့များက စနစ်တကျ စောင့်ကြပ် ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီးပြန်/ဆက်