တောင်ငူ မတ် ၁၃
ကျောင်းသား၊ ကျောင်းသူများ နွေရာသီအားလပ်ချိန်များ၌ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အခြေခံအင်္ဂလိပ်စာနှင့်ပန်းချီရေးဆွဲနည်း (အခမဲ့)သင်တန်းကို ယနေ့မွန်းလွဲပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဆွေဆွေမိုးက သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သင်တန်းအားဖွင့်လှစ်ခဲ့သည်။ ထို့နောက် အခြေခံအင်္ဂလိပ်စာသင်တန်းတွင် ဆရာဦးသန့်ဇင်(Freelance Teacher)က Speaking ၊ ဆရာဦးစောဂျရုန်းက Grammar နှင့် Letter Writing ကို သင်ကြားသွားမည်ဖြစ်ပြီး အခြေခံပန်းချီသင်တန်းတွင် ပန်းချီဆရာဦးစိုးမြင့်လေး(တောင်ငူ)မှ အခြေခံပန်းချီပညာရပ်များကို သင်ကြားပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ၁၃-၃-၂၀၂၃ ရက်နေ့မှ ၂၄-၃-၂၀၂၃ ရက်နေ့အထိ (အခမဲ့) ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး အလယ်တန်းအဆင့်သင်တန်းသား၊ သင်တန်းသူ ၂၆ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)