ရေဖြူ မတ် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ (က/ခ)ရပ်ကွက်၊ ဓမ္မမာမကကျောင်း၌ ၂၀၂၀ ခုနှစ်မှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလအတွင်း သုံးနှစ်တာ ရပ်နားထားသည့် သင်္ကြန်တွင်း မဟာစည်ဝိပဿနာ (၁၀)ရက်တာ တရားစခန်း ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရေဖြုမြို့၊ ဓမ္မမာမကကျောင်း၏ ဂေါပကအဖွဲ့ဝင်များထံက သိရသည်။
အဆိုပါတရားစခန်းဖွင့်လှစ်ရာတွင် ၂၀၁၉ ခုနှစ်တွင် (၁၆)ကြိမ်မြောက် ဖွင့်လှစ်ခဲ့ပြီး ကိုဗစ်ကပ်ဘေးရောဂါကြောင့် (၃)နှစ်တာ ရပ်နားထားရာမှ ယခု ၂၀၂၃ ခုနှစ်သင်္ကြန်ကာလ ဧပြီ (၆) ရက်နေ့မှ (၁၆)ရက်နေ့အထိ (၁၇)ကြိမ်မြောက် မဟာစည်ဝိပဿနာ (၁၀)ရက်တာ တရားစခန်းကို ဓမ္မမာမကကျောင်း ဆရာတော် ဦးဝေပုလ္လ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ရာ တရားစခန်းဝင်လိုသူ ရဟန်းရှင်၊ လူယောဂီများအနေဖြင့် ဂေါပက အဖွဲ့တွင် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
ခတ္တာ