ကော့သောင်းမြို့တွင် မော်တော်ယာဉ် ဖောင်းကြွနံပါတ်ပြားအသစ်များ အမြန်ပြောင်းလဲတပ်ဆင်ရန် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ကော့သောင်း မတ် ၁၃

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများက မော်တော်ယာဉ် ဖောင်းကြွနံပါတ်ပြားအသစ်များ အမြန်ပြောင်းလဲတပ်ဆင်ရန် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့က ကော့သောင်းမြို့နယ်ရှိ လူစည်ကားရာလမ်းဆုံလမ်းခွများ၊ စက်ရုံအလုပ်ရုံများ၊ ခရီးသည်ယာဉ်လိုင်းများတွင် ပြုလုပ်ခဲ့သည်။

ကော့သောင်းခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အနေဖြင့်နိုင်ငံပိုင်ဌာနဆိုင်ရာယာဉ်များအဝေးပြေး ခရီးသည်တင်ယာဉ်များ၊ မြို့တွင်းခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များအားလုံးကို (၃၁.၃.၂၀၂၃) ရက်နေ့အပြီး ဖောင်းကြွနံပါတ်ပြား ပုံစံအသစ်များ ပြောင်းလဲတပ်ဆင်ပေးလျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်နီးပါး ပြီးစီးပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဆက်လက်ပြီး ပုဂ္ဂလိက လူစီးမော်တော်ယာဉ်များအား ဦးစားပေး ပြောင်းလဲတပ်ဆင်ပေးမည်ဖြစ်ရာ ကော့သောင်းမြို့နယ်အတွင်းရှိ လူစီးယာဉ်များ အားလုံးနှစ်လဲ သက်တမ်းတိုးချိန် စေ့ရောက်သည်ဖြစ်စေ၊ မစေ့ရောက်သေးသည်ဖြစ်စေ ကော့သောင်းခရိုင်၊ ကညနရုံးသို့ ဆက်သွယ်၍ ဖောင်းကြွနံပါတ်ပြား ပုံစံအသစ်များ အမြန်ဆုံးပြောင်းလဲတပ်ဆင်ကြရန် အသိပေးနှိုးဆော်သည့် အနေဖြင့် လူစည်ကားရာနေရာများတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)