ကရသူရိမြို့၌ ကလေးငယ်များ စိတ်ရွှင်လန်း၍ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး ပြိုင်ပွဲများကျင်းပ

ကရသူရိ မတ် ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ စာကြည့်တိုက်သို့ လာရောက်ကြသည့် ကလေးငယ်များ စိတ်ရွှင်လန်း၍ ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်မှုအတွက် ပြိုင်ပွဲများကျင်းပခြင်းကို  ယနေ့နံနက် ၁၁ နာရီ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ကျောင်းသားကလေးငယ်များ၏ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်၌ စာကြည့်တိုက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးတတ်ချစေရန်နှင့် စာကြည့်တိုက်မှပေးသည့် ဗဟုသုတများနှင့် ကလေးများ၏ စိတ်ကြည်နူးလန်းဆန်းစေရေး ‌ဆေးရောင်ခြယ်ခြင်း၊ အိမ်ဆောက်ခြင်း၊ ငှက်ကလေးဖြင့် ကစားခြင်းစသည့် ရယ်မောစေသော ပျော်ရွှင်စရာပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် ကလေးငယ်များအတွက် ပျော်ရွှင်စရာများ၊ စိတ်ကြည်နူးခြင်းများ၊ ပူးပေါင်းဆောင်ရွက်လိုစိတ်နှင့် ရိုင်းပင်းကူညီတတ်သည့် စိတ်ထားများဖြင့် စာကြည့်တိုက်မှပေးသည့် အသိပညာများရရှိရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)