ရွှေဘို မတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး (Talk Show)ကို ယနေ့နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ချောစုက၊ ကမ္ဘာပေါ်တွင် ဖြစ်ပေါ်လေ့ရှိတဲ့ သဘာဝဘေးအန္တရာယ် အမျိုးအစားများ၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လေ့ရှိပြီး အများဆုံးဖြစ်တတ်သည့် မီးဘေး၊ လေဘေးအန္တရာယ် အမျိုးအစားများ၊ နွေဦးကာလတွင် အဖြစ်များသည့် လေပြင်းအန္တရာယ် အကြောင်း၊ ဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ထောက်ပံ့ကူညီမှုများ၊လေပြင်းအန္တရာယ် ကျရောက်ပါက လိုက်နာဆောင်ရွက်ရမည့်အချက်များ၊လေပြင်းအန္တရာယ်နှင့် စပ်လျဥ်းပြီး ပြည်သူများ သိသင့်သိထိုက်သည့် အချက်များတို့ကို အကျယ်တဝင့် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ခြင်းများကို Online စနစ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန် အသိပညာပေး Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ We love Shwe Bo Facebook Page တွင် စဥ်ဆက်မပြတ် စီစဉ်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်