ကျောင်းကုန်း မတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အင်္ဂလိပ်စာ(အခြေခံ)သင်တန်းကို ယနေ့နံနက် ၉ နာရီ အချိန်က ဖွင့်လှစ်သင်ကြားခဲ့သည်။
နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားကျောင်းသူများ ကာယ/ဉာဏ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယခုလိုသင်တန်းဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အင်္ဂလိပ်စာ(အခြေခံ)သင်တန်းသို့ သင်တန်းသား(၂၀)ဦး တက်ရောက် သင်ကြားလျက်ရှိပြီး၊ သင်တန်းကာလမှာ မတ်လ(၁၃) ရက်နေ့မှ(၂၄)ရက်နေ့အထိ နှစ်ပတ်တိုင်တိုင် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)