ရှမ်းရွာသစ်မြို့တွင် အထူးရဲ (ဆင့်ပွား) သင်တန်းဖွင့်လှစ်

ရှမ်းရွာသစ် အောက်တိုဘာ ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် ရည်ရွယ်ပြီး မဲရုံအသီးသီး၌ လုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲများအား (ဆင့်ပွား) သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် (၉) နာရီ အချိန်ခန့်မှစ၍ ရှမ်းရွာသစ်မြို့ သန္တိသုခဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရှမ်းရွာသစ်မြို့ နယ်မြေရဲစခန်းမှ ရဲအုပ်မင်းအောင်ဇော်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် ရှမ်းရွာသစ်မြို့ အတွင်း၌ရှိသော မဲရုံ(၁၆)ရုံတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲ(၂၈)ဦးတို့အား သက်ဆိုင်ရာဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အထူးရဲ (ဆင့်ပွား) သင်တန်း ဆင်းအရာရှိများက အောက်တိုဘာလ (၁) ရက်နေ့မှစ၍ (၃၁) ရက်နေ့ အထိ သင်တန်းကာလ (၁)လကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ သင်တန်းဖွင့်လှစ်ပို့ချ ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်နေစဉ် ကာလတွင် အထူးရဲတပ်ဖွဲ့ဝင်များအတွက် နေထိုင်စားသောက်ရေး အဆင်ပြေစေရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေဠု(ပြန်/ဆက်)