ကဝမြို့နယ်တွင် ၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် ကျောင်းသား/ ကျောင်းသူများအား အာဟာရဖြည့်အချိုရည်များဝေငှ

ကဝ မတ် ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဓာတုဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများအား ယနေ့စာမေးပွဲဖြေဆို​ပြီးချိန်တွင် ကျောင်းရှေ့၌ အာဟာရဖြည့်အချိုရည်များ ဝေငှပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုမင်းနှင့်ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးသင်းနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူ (၃၁၀)ဦးတို့အား အာဟာရဖြည့်အချိုရည်များ ဝေငှပေးခဲ့ပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)