ငပုတော မတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကျေးရွာများအရောက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကိုကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ငပုတောမြို့နယ် တမန်ချောင်းကျေးရွာအုပ်စု ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁)ဗိုလ်မှူး ဖြိုးသူရကျော်က ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးကိစ္စများ၊ လုံခြုံရေးကိစ္စများ၊ ရပ်ရွာအတွင်းသန့်ရှင်းသာယာရေး ကိစ္စရပ်များ၊ ယာဉ်/လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် မူခင်းကျဆင်းရေးများ ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးသန်းဦးမှ ကျေးရွာသန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းအောင်မှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတို့အတွက် အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းမျိုးသန့်မှ စိုက်ပျိုးရေးနည်း စနစ်သစ်များအား ဆွေးနွေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက မိမိတို့ဌာနမှ ဆောင်ရွက်ပေးနေသည့် လုပ်ငန်း ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျေးရွာနေပြည်သူများက ကျေးရွာလိုအပ်ချက် များ ပြန်လည်တင်ပြလာမှုများအပေါ် မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)