ပဲခူး မတ် ၁၃
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ မြို့နယ်(၂၈)မြို့နယ်ရှိ သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဝင်ရောက် ဖြေဆိုလျက်ရှိသည်။
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ယနေ့တွင် စတုတ္ထမြောက်နေ့အဖြစ် ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုခဲ့ကြရာ ပဲခူး(အရှေ့)၌ စာစစ်ဌာန(၃၂)ခု၌ စာရင်းရှိ(၆၂၁၅)ဦး၊ ဖြေဆိုသူ(၅၆၄၉)ဦး ဖြေဆိုသည့်ရာခိုင်နှုန်း(၉၀.၈၉) ပဲခူး(အနောက်)၌ စာစစ်ဌာန(၄၃)ခု၊ စာရင်းရှိ(၅၄၇၂)ဦး၊ ဖြေဆိုသူ(၅၀၂၄)ဦး ဖြေဆိုသည့်ရာခိုင်နှုန်း (၉၁.၈၁)ဖြစ်ပြီး တိုင်းချုပ်အနေဖြင့် စာစစ်ဌာန(၇၅)ခု၊ စာရင်းရှိ(၁၁၆၈၇)ဦး၊ ဖြေဆိုသူ(၁၀၆၇၃)ဦး၊ ဖြေဆိုသည့်ရာခိုင်နှုန်း(၉၁.၃၂)ဖြစ်သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိ စာစစ်ဌာနအသီးသီးရှိ ကျောင်းသား၊ ကျောင်းသူများသည် စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)