မြို့သစ် မတ် ၁၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး ဖြေဆိုနေသည့် ပတ်ဝန်းကျင်တွင် ဆူညံသံများမဖြစ်ပေါ်စေရန်အတွက် မြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် မြို့သစ်မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့စဉ်ပြည်သူ့အကျိုးပြုလုပ်ငန်းများ အဖြစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်အတွင်းရှိ စာစစ်ဌာန (၂)ခု၌ ယနေ့ “ဓာတုဗေဒ” ဘာသာတွင် ကျောင်းသား(၂၇၅)ဦး၊ ကျောင်းသူ(၃၉၄)ဦး၊ စုစုပေါင်း (၆၆၉)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာ ဖြေဆိုပြီးစီးရေး၊ ကျောင်းပို့၊ ကျောင်းကြိုမော်တော်ယာဉ်များနှင့် ဖြတ်သန်းမောင်းနှင်နေသည့် မော်တော်ဆိုင်ကယ်များ၊ မော်တော်ယာဉ်များ ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေး၊ ယာဉ်တိုက်မှုများ မဖြစ်ပွားစေရေး၊ အရေးပေါ်ယာဉ်များ အဆင်သင့်ဖြတ်သန်းသွားနိုင်ရေး မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သန်းဝင်းထွန်း