ကြံခင်း မတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများ မီးပေါ့ဆမှုမရှိစေရန်နှင့် မီးလောင်မှု လျှော့နည်းပပျောက်စေရန် ရည်ရွယ်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညပိုင်းက ကြံခင်းမြို့ပေါ် ရပ်ကွက်(၃)ခုရှိ လမ်းများတွင် ဆောင်ရွက်ကြကြောင်း သိရသည်။
ထိုသို့အသိပေးနှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင်ဦးဆောင်မှုဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးကို အထူးဂရုပြုသုံးစွဲရေး၊ သတ်မှတ်ထားသည့် မီးသုံးစွဲချိန်အတိုင်း အသုံးပြုကြရန်၊ နေအိမ် အတွင်း/အပြင် အမှိုက်များ ရှင်းလင်းထားရန်၊ မီးလောင်လွယ်သော စက်သုံးဆီ၊ လောင်စာဆီများ သိုလှောင်ထားခြင်း မပြုကြရန်၊ မီးကြွင်း၊ မီးကျန်၊ ပြာပူများ စနစ်တကျ ငြိမ်းသတ်ကြရန်၊ ဟောင်းနွမ်းသော လျှပ်စစ်ဝါယာကြိုးများအား အသစ်လဲလှယ်အသုံးပြကြရန်၊ မီးဘေး ကြိုတင်ကာကွယ်ရေး ပစ္စည်းများဖြစ်သော ရေသိုလှောင်ကန်၊ သဲအိတ်၊ မီးချိတ်၊ မီးကပ်နှင့် (DCP)မီးသတ်ဆေးဗူးအား သတ်မှတ်စံနှုန်းနှင့်အညီ ထားရှိရန် ပြည်သူများ မီးပေါ့ဆမှုမရှိစေရေး လှည့်လည်အသိပေး နှိုးဆော်ကြကြောင်းနှင့် မြို့ပေါ် ရပ်ကွက်/ကျေးရွာများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် မီးသုံးစွဲခြင်း စည်းကမ်းချက်အား လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင်များက (နေ့စဉ်) စစ်ဆေး ဆောင်ရွက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)