နတ်မောက် မတ် ၁၃
မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈) ရက်နေ့မှစတင် ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီ အချိန်မှစတင်၍ အ.ထ.က (အောင်ဆန်း) စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒ ဘာသာရပ်အား ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အ.ထ.က(အောင်ဆန်း) စာစစ်ဌာနတွင် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များနှင့် မြို့နယ်/ရပ်ကွက် အုပ်ချုပ်ရေးမှူးများက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈) ရက်နေ့တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး စတုတ္ထနေ့တွင် ဖြေဆိုသည့် ဓာတုဗေဒ ဘာသာရပ်အား လာရောက်ဖြေဆိုသူ ကျောင်းသား(၁၃၄)ဦး၊ ကျောင်းသူ (၂၉၁) ဦး စုစုပေါင်း (၄၂၅) ဦးရှိပြီး ဖြေဆိုသူရာခိုင်နှုန်း (၉၁ဒဿမ ၅၉) ရာခိုင်နှုန်းရှိကြောင်း သိရသည်။
လှဝင်း