ဖား​ဆောင်းမြို့နယ်၌ မြို့နယ်အဆင့်အသင်းအဖွဲ့ ယာယီမှတ်ပုံတင်လက်မှတ်ထုတ်​ပေး

ဖား​ဆောင်း       မတ်       ၁၃

ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မြို့နယ်အဆင့်အသင်းအဖွဲ့ယာယီမှတ်ပုံတင်လက်မှတ်ထုတ်​ပေးခြင်းအခမ်းအနားကို ယမန်နေ့က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်​ရေးမှူးဦးသက်မြင့်ဦးက ဖားဆောင်းမြို့နယ်အတွင်းရှိ အသင်းအဖွဲ့၊ ဖွဲ့စည်းခြင်းဆိုင်ရာမြို့နယ်အသင်းအဖွဲ့မှတ်ပုံတင်ရေးအဖွဲ့မှ အသင်းအဖွဲ့အဖြစ်​လျှောက်ထားလာသည့်​ ရွှေပြည်သို့လူမှုကူညီရေးအသင်း၏ အသင်းအဖွဲ့လျှောက်ထားခြင်းနှင့်ပတ်သက်၍ ၂၀၂၂ ခုနှစ်၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ​ လတ်တ​လောကာလတွင် သာ​ရေး၊ နာ​ရေး၊ လူမှု​ရေး၊ ကျန်းမာ​ရေးဆိုင်ရာကိစ္စများ​ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့်အသင်းအဖွဲ့ယာယီမှတ်ပုံတင်​လက်မှတ်ထုတ်​ပေးနိုင်ရေး ညှိနှိုင်းအ​စည်း​အဝေးပြုလုပ်ရခြင်းဖြစ်​ကြောင်း​ပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်ထင်က အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များအား ထပ်ဆင့်​ဆွေး​နွေး​ပြောကြားခဲ့သည်။

ဆက်လက်၍ ​ရွှေပြည်သို့လူမှုကူညီ​ရေးအသင်းအား အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့်အညီ ယာယီမှတ်ပုံတင်လက်မှတ်ကို​ပေးအပ်ခဲ့သည်။ ထို့​နောက်​ရွှေပြည်သို့လူမှုကူညီ​ရေးအသင်းမှအဖွဲ့ဝင်များက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်မြင့်ဦးနှင့် တာဝန်ရှိသူများက ပြန်လည်​ဖြေကြားခဲ့သည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)