သဲကုန်း မတ် ၁၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Comnunity Centre ခန်းမ၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲနှင့် နံရံကပ်စာစာင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင့်နန္ဒာဌေးက ယနေ့လူငယ်လူရွယ်များ စဥ်စားတွေးခေါ်မှုမြင့်မား၍ ဖြတ်ထိုး ဥာဏ်များကောင်းမွန်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါပြိုင်ပွဲကို ကျောင်းသားကျောင်းသူ စာဖတ်ပရိတ်သတ်(၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သော ကျောင်းသားကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ဆောင်များ အသီးသီးပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင်များမှ ခင်းကျင်းပြသထားသည့် စာအုပ်များ အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဝင့်နန္ဒာဌေး