သရက်ခရိုင် ပြည်သူ့စာကြည့်တိုက်၌ နွေရာသီ ပန်ချီသင်တန်း အခမဲ့ ဖွင့်လှစ်မည်

သရက် မတ် ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက်  Community Centre ခန်းမ၌ နွေရာသီ ပန်းချီသင်တန်းကို မတ်လ(၁၈) ရက်နေ့မှ စတင်၍ အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို Grade-2 မှ Grade-9 အထိ သင်တန်းသား၊ သင်တန်းသူ  (၃၅)ဦး လက်ခံပြီး နံနက်(၈)နာရီမှ နံနက်(၉)နာရီခွဲထိ သင်တန်းဆရာ(၂)ဦးဖြင့် ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ်လ(၁၈)ရက် မှ မတ်လ(၃၀) ရက်နေ့ထိ အခမဲ့ သင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဇော်ထက်(သရက်)