အိမ်မဲ မတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အားကစားခန်းမတွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအားကစားအခြေခံ သင်တန်းများကို မတ်လ ၆ ရက်နေ့မှစတင်သင်ကြားပေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ဆက်လက်သင်ကြားပေးလျက် ရှိသည်။
နွေရာသီအားကစားအခြေခံသင်တန်းများမှာ မြန်မာ့သိုင်း၊ ရိုးရာခြင်းလုံး၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘောလီဘော၊ စားပွဲတင်တင်းနစ်၊ Myanmar Fitness Dance တို့ဖြစ်ကြပြီး အဆိုပါသင်တန်းများ သင်ကြားနေမှုများကို မြောင်းမြခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်စိုးမှ သင်တန်းနည်းပြများ၊ သင်တန်းသူ သင်တန်းသားများနှင့် တွေ့ဆုံပြီး အားပေးစကားများပြောကြားခဲ့သည်။
ယင်းသင်တန်းများကို မတ်လ (၆)ရက်နေ့ မှ မတ်လ (၂၀)ရက်နေ့ထိ သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသူ၊ သင်တန်းသားစုစုပေါင်း (၁၁၀)ဦးရှိကြောင်းသိရသည်။
"အိမ်မဲမြို့နယ်မှာထူးချွန်ထက်မြတ်ပြီး နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အား ကစားသမား ကောင်းများပေါ် ထွက်လာစေရန် နွေရာသီကျောင်းပိတ်ရက် များတွင်ကျောင်းသား၊ ကျောင်းသူ များအားကစားအတတ်ပညာများနှင့် အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတက်စေရန်ရည်ရွယ်၍ အားကစား သင်တန်းများဖွင့်လှစ်သင်ကြားပေးရခြင်း ဖြစ်ကြောင်း၊ သင်တန်းကို မနက်ပိုင်းတွင် ၉နာရီမှ ၁၁ နာရီထိတစ်ကြိမ်၊ ညနေပိုင်းတွင် ၃နာရီခွဲမှ ၅နာရီခွဲထိ တစ်ကြိမ် စုစုပေါင်း ၂ ကြိမ်ခွဲ၍သင်ကြားပေးကြောင်း" မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အိအိမျိုးပြောကြားချက်အရသိရသည်။
ချစ်သက်လယ်(အိမ်မဲ)