ကျွန်းလှ မတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်၊ ဇီဇဝါလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီးကြောင်း သိရသည်။
အဆိုပါ အရှည် ၄၅၀ပေ၊ အကျယ် ၁၂ပေ၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် သန်း ၁၀ ဒသမ ၆၅၆ ဖြင့် ဆောင်ရွက်ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ လမ်း၊ တံတား အဆင့်မြှင့်တင်ဆောင်ရွက်မှု အနေဖြင့် ကတ္တရာလမ်း (၃) လမ်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းပေါက်ဖာခြင်း (၂) လမ်း၊ ကွန်ကရစ်လမ်း တစ်လမ်း၊ ကျောက်ချောလမ်း (၁၀) လမ်း၊ ကျောက်ရောမြေလမ်း (၆) လမ်း၊ ကွန်ကရစ်တံတားတစ်စင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ