ကျွန်းလှ မတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်သီးနှံစိုက်ပျိုးသည့် တောင်သူများ GAP နည်းပညာပေး သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပသည်။
ရှေးဦးစွာ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တောင်သူများအား သဘာဝပိုးပြေးဆေးနှင့် မျိုးစေ့များ ပေးအပ်ပြီး စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ သဘာပိုးဆေးပြုလုပ်သုံးစွဲပုံ အဆင့်ဆင့်တို့ကို ပရိုဂျက်တာဖြင့် ရှင်းလင်း၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သင်တန်းသို့ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ၊ မကျီးအင်းကျေးရွာများမှ ဟင်းသီး ဟင်းရွက်စိုက်ပျိုးသည့် အကျိုးဆောင်တောင်သူ (၃၂) ဦး တက်ရောက်ကြကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)