ဖျာပုံမြို့၌ လယ်ယာကဏ္ဍစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေး

ဖျာပုံ မတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုး တက်မြင့်မားရေးကြီးကြပ်မှုကော်မတီ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းအချိန်က ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးရာတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးတင်လင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုး တက် မြင့်မားရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက ၂၀၂၃-၂၀၂၄ စိုက်ပျိုးရာသီတွင် မိုး/ နွေစပါးတစ်ဧက(၁၀)တင်းနှုန်းတိုးထွက်နိုင်ရေး၊ နွေစပါးနှင့် ဆောင်းသီးနှံရိတ်သိမ်းပြီးချိန်တွင် နောက်တစ်သီးထပ်မံစိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးထားရှိသည့် သီးနှံများအား ကွင်းအလိုက်မြေပုံများ ပြုစုထားရှိရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ၌ အုပ်ချုပ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ သက်ဆိုင်ရာလုပ်ငန်းရှင်များ၊ တောင်သူများဖြင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး၊ ဆောင်းသီးနှံနေကြာရိတ်သိမ်းမှုအား တစ်မြို့နယ်လျှင် အနည်းဆုံး စံပြရိတ်ကွက်(၂)နေရာ စီမံဆောင်ရွက်ရေး၊ စိုက်ပျိုးရေးရှေ့တန်းစခန်းများအလိုက် အသိပညာပေးဆွေနွေးပွဲများကျင်းပနိုင်ရေးနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေနိုင်ရေး ဆွေနွေးမှာကြားပြီးနောက် တက်ရောက်လာသည့် မြို့နယ်စိုက်တိုးမြှင့်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်မှုများအား PowerPoint ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ တင်ပြမှုများ အပေါ်ခရိုင်စိုက်တိုးမြှင့်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုအပ်သည်များ ဆွေးနွေးညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့​ကြောင်း သိရသည်။

အောင်ဝင်းနိုင် (ဖျာပုံခရိုင် ပြန်/ ဆက်)