ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်များ၊ ဥပဒေအရာရှိများ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ထပ်ဆင့်ရှင်းလင်း

ဘားအံ မတ် ၁၁

ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရာရှိများနှင့်ခရိုင်ဥပဒေအရာရှိများနှင့် ဒုတိယအကြိမ်လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ်ဥပဒေချုပ် ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ထပ်ဆင့်ရှင်းလင်းပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်က ဥပဒေရေးရာဝန်ကြီးဌာန လုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုအပ်သည်များလမ်းညွှန်မှာကြားပြီး ပြည်နယ်ဥပဒေအရာရှိ ဦးတင်မြင့်ဦးက ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဥပဒေချုပ်နှင့်ပြည်နယ်ဥပဒေအရာရှိတို့က ထပ်ဆင့်ရှင်းလင်းပွဲသို့ တက်ရောက်လာသော ခရိုင်ဥပဒေအရာရှိများနှင့် မြို့နယ်ဥပဒေအရာရှိများ၏ တင်ပြဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါထပ်ဆင့်ရှင်းလင်းပွဲသို့ ပြည်နယ်အတွင်းရှိ ဥပဒေအရာရှိ ၃၅ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ ဆက်)