ထန်ပါခွေ မတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ယနေ့နံနက် (၉) နာရီက ဌာနဆိုင်ရာများစုပေါင်း၍ အပတ်စဉ် မြို့တွင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့တွင်းလမ်းဘေးဝဲယာ၊ စေတီကုန်းအနီးတဝိုက်နှင့် မြို့အဝင်အထွက် နေရာများအား အမှိုက်များရှင်းလင်းခြင်း၊ သစ်ပင်ခြုံနွယ်များ အားရှင်းလင်းခြင်း လုပ်ငန်းများအား မြို့ဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ ပူးပေါင်းကာ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထန်ပါခွေ(ပြန်/ဆက်)