အိမ်မဲမြို့နယ် Community Centre ခန်းမတွင် “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြောင်း သိကောင်းစရာ Talk Show” ပြုလုပ်

အိမ်မဲ မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနဖြစ်သော Community Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ နေ့အကြောင်းသိကောင်းစရာ Talk Show ကို ယနေ့ မွန်းလွဲ ၂ နာရီတွင်ကျင်းပသည်။

အဆိုပါ အသိပညာပေး Talk Show တွင် အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဌေးဌေးလှိုင်က Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြား ခဲ့သည်။ ဆက်လက်ပြီး TalK Show ကျင်းပရာ ဦးစီးအရာရှိက အမျိုးသမီးများအကြမ်းဖက်ခံရမှု၊ အမျိုးသမီးများအတွက်ဥပဒေ၊ အမျိုးသမီးများ၏အခန်းကဏ္ဍ၊ ဒုတိယဦးစီးမှူး ဒေါ်စောသန္တာဦက အကြမ်းဖက်ခံရမှု အမျိုးအစားများအကြောင်းတို့ကို အသီးသီးအကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့သည်။

အိမ်မဲမြို့နယ် (Community Centre) ခန်းမတွင် Talk Show များ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ စာအုပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ)