လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုလုပ်ငန်းအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ

ဘုတ်ပြင်း မတ် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ  ရေးဦးစီးဌာန မြို့နယ်ရုံး Community Centre ခန်းမတွင် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု လုပ်ငန်းအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့က ပြုလုပ်ခဲ့သည်။

အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု လုပ်ငန်းအကြောင်းအရာများ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် Online မှတဆင့်  အသိပညာပေးဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ ပြောကြားသည်။

ဆက်လက်၍ ဘုတ်ပြင်းမြို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သန်းဆင့်က လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းကြီး()ရပ်ထဲမှ တစ်ခုဖြစ်သည့် ဖြစ်ရပ်စီမံခန့်ခွဲမှုနှင့် စေတနာဝန်ထမ်းလုပ်ငန်းများအနေဖြင့် ကြောင်းအရာတခုခု ပေါ်ပေါက်လာပါက ဖြစ်စဉ်ကိုလက်ခံရယူသည့် ကိစ္စရပ်များ၊ ဖြစ်စဉ်များကို ဖြေရှင်းရန်အတွက် လိုအပ်ချက်အားသားချက်များအား ဆန်းစစ်မှုအခြေအနေများ၊ ဖြေရှင်းရန်အတွက် ရေရှည်ရပ်တည်နိုင်ရန် အစီအစဉ်များ ရေးဆွဲဆောင်ရွက်မှုများ၊ တိုက်ရိုက်ဝန်ဆောင်မှုပေးခြင်းသို့မဟုတ် ညွှန်းပို့ခြင်း လုပ်ငန်းဆောင်ရွက်မှုများ၊ နောက်ဆက်တွဲစောင့်ရှောက်မှုပေးခြင်းနှင့် သုံးသပ်ခြင်း၊ ရည်မှန်းချက်များ ပြီးပြည့်စုံပြီးပါက ပိတ်သိမ်းခြင်းစသည့် အခြေအနေများကို ကျယ်ကျယ်ပြန့်ပြန်သိရှိစေရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)