ရေတာရှည်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ 

ရေတာရှည် မတ် ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀:၀၀နာရီအချိန်က စာရေးဆရာ​​​ဒေါက်တာမြင့်လွင်(စိတ်ပညာ)ရေးသားသည့် အ​ပြောင်းအလဲနှင့်ပုံ​သေစိတ်အစွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်​​​ကြူကြူခိုင်မှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ အကျိုး ကျေးဇူးနှင့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး တခြားလူများကို နားလည်နိုင်ဖို့ခေါင်းစဉ်ဖြင့်လည်း​ကောင်း၊ (Book Club)အဖွဲ့ဝင် ဦးမြင့်ဦးက ကားဝယ်သူနှင့်ကျွန်​တော်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book Club)အဖွဲ့ဝင်ဦး​ငွေစိုးမှ အ​ပြောင်းအလဲခေါင်းစဉ်ဖြင့်လည်းကောင်း(Youth Club)အဖွဲ့၀င် မသက်ထားအိမ်မှ ​ငါဘယ်သူလဲခေါင်းစဉ်ဖြင့်လည်းကောင်း ခေါင်းစဉ်အသီးသီးဖြင့် ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ရခြင်းကြောင့် စာဖတ်သူများအနေဖြင့် စာရေးဆရာ များ၏အတွေ့အကြုံများ၊ အသိပညာတို့ကိုရရှိသည့်အပြင်စာဖတ်ခြင်း၏အကျိုးကျေးဇူးများ ကိုလည်းပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများပိုမိုတိုးတက်လာစေရန် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)