ကေ့ာကရိတ်မြို့၊ လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ

ကေ့ာကရိတ် မတ် ၁၀

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့ နံနက်၁၀နာရီချိန်က မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က Talk show ပြုလုပ်ရသည့်ရည်ရွယ်ချက်များနှင့် သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ကေ့ာကရိတ်မြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ထွန်းမှ မူးယစ်ဆေးဝါး၏ အဓိပ္ပာယ်၊ မူးယစ်ဆေးဝါးဆိုသည်မှာ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သော စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ  မူးယစ်ဆေးဝါးအုပ်စု အမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အကြောင်းအရင်းများ၊  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးသိကောင်းစရာများ စသည့်အကြောင်းအရာတို့ကို ဆွေးနွေးခဲ့ ကြသည်။

ကေ့ာကရိတ်ခရိုင် ပြန်ဆက်ဦးစီးဌာနမှ ပြည်သူများအသိပညာပေး Talk Show ဆောင်ရွက်မှု အစီစဥ်များကို လစဥ်ဆောင်ရွက်ပေးလျက်ရှိပြီး We Love Kawkareik Pageတွင် လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)