လိပ်သို မတ် ၁၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသနေပြည်သူများ စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိစေရန်၊ စာဖတ်ရှိန်မြင့်မားလာစေရန်နှင့် စာဖတ်ခြင်းဖြင့် ရရှိနိုင်သည့် အထွေထွေ ဗဟုသုတများကို မျှဝေသုံးစွဲတတ်စေရန်အတွက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှါးရမ်းပေးခြင်းကို မတ်လ ၁၀ ရက်နေ့၊ နေ့လည် ၁၁ နာရီခွဲအချိန်က လိပ်သိုမြို့ အမှတ်(၂)ရပ်ကွက်ရှိ စာဖတ်သူများထံသို့ ကွင်းဆင်းသွားရောက် ငှါးရမ်းပေးခဲ့ကြောင်း သိရသည်။
စာအုပ်စာစောင်များ ငှါးရမ်းပေးရာတွင် စာဖတ်သူလက်ဝယ်အရောက် Mobile စနစ်ဖြင့် ဆောင်ရွက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နေပြည်သူများ အလွယ်တကူ စာအုပ်စာအုပ်စာစောင်များ ငှါးရမ်းဖတ်ရှုနိုင်စေရန်နှင့် အားလပ်သောအချိန်များတွင် စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ဖြတ်သန်းစေရန်၊ စာပေဖတ်ရှုမှုကို အဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်ပြီး သုတ/ရသ စာအုပ်များ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကို ယူဆောင်၍ သွားရောက်ငှါးရမ်းပေးခဲ့ပြီး အပတ်စဉ် Mobile စနစ်ဖြင့် ငှါးရမ်းပေးခြင်းကို ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။၏
ခင်လေးနွယ် (လိပ်သို)