မော်လမြိုင်ကျွန်း မတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ရေးဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူ ကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ ညနေ (၄) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ Talk Show အစီအစဉ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းဇော်လတ်က စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက်များ သိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကျန်းမားရေး၊ စိတ်ကျေနပ်မှုရှိစေရေးအတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်းပေး နိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေအချက်အလက်များကို သိရှိလိုက်နာဆောင်ရွက်စေ နိုင်ရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူပေါင်း၍ Talk Show ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် စပ်လျဉ်း၍ ရှင်းလင်းခြင်းနှင့် စားသုံးသူနစ်နာမှု များ ရှိပါက DOCA Myanmar application မှ လည်းကောင်း၊ Call Centre 1535 သို့လည်းကောင်း ဆက်သွယ် တိုင်ကြားနိုင်ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံးနှင့် စားသုံးရေးရာဦးစီးဌာန www.doca.gov.mm Website တွင် လည်းကောင်း ဝင်ရောက်လေ့လာနိုင်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ရဲကိုမောင် (ပြန်/ဆက်)