ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်နှင့် အာဟာရဒါန ဆန်ပြုတ်တိုက်ကျွေးပေး

ဟုမ္မလင်း မတ် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီး ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို မတ်လ  (၁၀)ရက်နေ့ နံနက် (၉)နာရီမှ ၁၂ နာရီထိ အပတ်စဥ်သောကြာနေ့တိုင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရ သည်။
အဆိုပါ ကုသပေးဆောင်ရွက်ခြင်းကို ဟုမ္မလင်း ခုတင်(၁၀၀) ဆံ့ပြည်သူ့ဆေးရုံး ဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်ဆွေနှင့် ဆရာ/ဆရာမများက သက်ကြီးရွယ်အိုးများအား အာဟာရဒါန ဆန်ပြုတ်တိုက်ကျွေးပေးခြင်းနှင့်  ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ မကူးစက်ခင်ရောဂါ ကြိုတင်ကာကွယ်ရေး၊ နှလုံးရောဂါ၊ သွေးတိုး ဆီးချိုး၊ ရောဂါအခံရှိသူ သက်ကြီးဘိုးဘွား စုစုပေါင်း ၁၅၉ ဦးအား အခမဲ့ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)