ဒေးဒရဲ မတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆို လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး ဖြေဆို နေသည့် ပတ်ဝန်းကျင်တွင် ဆူညံသံများမဖြစ်ပေါ်စေရေးအတွက် မြို့နယ်အတွင်းရှိ စာစစ်ဌာန များတွင် ဒေးဒရဲမြို့နယ်၊ အမှတ် (၈၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ ရဲတပ်ဖွဲ့ဝင်များက နေ့စဉ်ပြည်သူ့အကျိုးပြုလုပ်ငန်းများအဖြစ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်အတွင်းရှိ စာစစ်ဌာန (၄)ခုတွင် ကျောင်းသား (၁၇၂)ဦး၊ ကျောင်းသူ (၃၁၅)ဦး၊ စုစုပေါင်း (၄၈၇) ဦး ဝင်ရောက်ဖြေဆို လျက်ရှိရာ ကျောင်သား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာ ဖြေဆိုပြီးစီးရေး၊ ကျောင်းပို့၊ ကျောင်းကြို မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ် များ၊ လမ်းသွားလမ်းလာ မော်တော်ယာဉ်များ ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေး၊ ယာဉ်တိုက်မှုများ မဖြစ် ပွားစေရေး၊ အရေးပေါ်ယာဉ်များ အဆင်သင့်ဖြတ်သန်းသွားနိုင်ရေး မြို့နယ်ယာဉ်ထိန်း တပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များက နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း