ကျွန်းလှမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်

ကျွန်းလှ မတ် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၂- ၂၀‌၂၃ ဘဏ္ဍာနှစ်၊ တတိယသုံးလပတ်အတွက် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ယနေ့နံနက်ပိုင်းက ထောက်ပံ့ငွေများ ပေးအပ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ကျွန်းလှမြို့နယ်၊ ရပ်ကွက်လေးရပ်ကွက်၊ ကျေးရွာအုပ်စု ၆ အုပ်စုအတွင်းရှိ သက်ကြီးဘိုးဘွားများအား အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ လများအတွက် တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ၁၇၄ ဦးအား ငွေကျပ် ၅,၂၂၀,၀၀၀ ကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ