ဒိုက်ဦးမြို့နယ်၊ အမရကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီ ပြန်လည်ဖွဲ့စည်း

ဒိုက်ဦး မတ် ၁၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်ပုကိုင်ကျေးရွာအုပ်စု၊ အမရကျေးရွာဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့နံနက်ပိုင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီ ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွန်းတက်ရောက်ပြီး ကျေးရွာသူ/သားများနှင့်တွေ့ဆုံကာ မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီအား အများဆန္ဒဖြင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းခဲ့ပြီး စီမံကိန်းနှင့်ပတ်သက်၍ လိုအပ်သည်များ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)