စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနများ၌ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာ ဘာသာရပ်အား ဆက်လက်ဖြေဆို

နေပြည်တော် မတ်  ၉

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၈) ရက်နေ့မှ စတင်ကျင်းပခဲ့ရာ အမြို့မြို့ အနယ်နယ်ရှိ စာစစ်ဌာနများတွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသွာစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျင်းပလျက်ရှိသည့် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အား စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်းမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၁၄၄၅)ဦး၊ အင်းတော်မြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း (၂၈၃) ဦး ဖြေဆိုမှုရာခိုင်နှုန်း ၈၅ ဒဿမ ၅ ရာခိုင်နှုန်း၊ ဖောင်းပြင် မြို့နယ်တွင် ဝင်ရောက်ဖြေဆိုသူ (၄၇၆) ဦး၊ ကသာမြို့နယ်တွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ကျောင်းသူစုစုပေါင်း (၆၄၄) ဦးနှင့် ထီးချိုင့်မြို့နယ်တွင် ဝင်ရောက်ဖြေဆိုသူ (၁၉၉) ဦး ရှိကြောင်း သက်ဆိုင်ရာ ပညာရေးမှူးရုံးများထံမှ သိရသည်။

ယင်းသို့ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေး အတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေး အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ်ကြည့်ရှု ပေးလျက်ရှိ သည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၀ ရက်နေ့ (မနက်ဖြန်) တွင် သင်္ချာဘာသာရပ်ကို ဖြေဆိုကြရမည်ဖြစ်၍ မတ်လ ၁၁ ရက်နေ့ (စနေနေ့) နှင့် ၁၂ ရက်နေ့ (တနင်္ဂနွေနေ့)တို့ကို ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သိရသည်။