နေပြည်တော် မတ် ၉
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၈) ရက်နေ့မှ စတင်ကျင်းပခဲ့ရာ အမြို့မြို့အနယ်နယ်ရှိ စာစစ်ဌာနများတွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသွာစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျင်းပလျက်ရှိသည့် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်ဘသာရပ်အား ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငရုတ်ကောင်းမြို့နယ်တွင် ကျောင်းတွင်းဖြေဆိုသူ (၁၄)ဦး၊ ကျောင်းပြင်ပဖြေဆိုသူ (၇၆)ဦး၊ စုစုပေါင်း(၉၀)ဦးဖြင့် ဖြေဆိုသူရာခိုင်နှုန်း ၈၄ ဒဿမ ၁၁ ရာခိုင်နှုန်း၊ ဝါးခယ်မမြို့နယ်တွင် စာစစ်ဌာန(၁၂)ခု ကျောင်းတွင်း/ပြင်ပ ဖြေဆိုသူ စုစုပေါင်း (၁၀၁၀)ဦး၊ ပျက်ကွက်(၁၁၄)ဦးဖြင့် ဖြေဆိုသူရာခိုင်နှုန်း ၉၀ ရာခိုင်နှုန်း၊ အိမ်မဲမြို့နယ်တွင် ဖြေဆိုသူ (၆၈၉) ဦး ဖြေဆိုမှုရာခိုင်နှုန်း ၉၄ ဒသမ ၃၈ ရာခိုင်နှုန်း၊ ဖျာပုံမြို့နယ်တွင် စာစစ်ဌာန (၆) ခုမှ ဖြေဆိုသူ စုစုပေါင်း (၉၁၀) ဦး၊ ဘိုကလေးမြို့နယ်တွင် စုစုပေါင်း(၁၀၂၇)ဦး ဝင်ရောက်ဖြေဆိုပြီး ဖြေဆိုမှု ရာခိုင်နှုန်း ၉၂ ဒသမ ၆၉ ရာခိုင်နှုန်း၊ ကျိုက်လတ်မြို့နယ်တွင် စာစစ်ဌာန (၅) ခုတွင် ဖြေဆိုသူ စုစုပေါင်း (၇၀၃)ဦး ဝင်ရောက်ဖြေဆိုကာ ဖြေဆိုမှုရာခိုင်နှုန်း ၈၉ ဒသမ ၂၁ ရာခိုင်နှုန်း၊ ဒေးဒရဲမြို့နယ်တွင် စာစစ်ဌာန (၄) ခုမှ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း (၄၈၇) ဦး၊ ဟင်္သာတမြို့နယ်တွင် စာစစ်ဌာန (၁၃) ခုတွင် ဖြေဆိုသူ (၁၂၉၃) ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း ၉၀ ဒသမ ၁၇ ရာခိုင်နှုန်း၊ ငပုတောမြို့နယ်တွင် စုစုပေါင်း ဝင်ရောက်ဖြေဆိုသူ (၂၂၉)ဦးရှိပြီး ပျက်ကွက်(၃၅)ဦးရှိကာ ဖြေဆိုမှု ရာခိုင်နှုန်း ၈၆ ဒသမ ၇၄ ရာခိုင်နှုန်း၊ မော်လမြိုင်ကျွန်းမြို့တွင် ဖြေဆိုသူ (၈၉၉)ဦး ဖြင့် ဖြေဆိုမှုရာခိုင်နှုန်း ၈၈ ဒသမ ၉၂ ရာခိုင်နှုန်း၊ မြောင်းမြမြို့နယ်တွင် စာစစ်ဌာန (၇) ခုမှ ကျောင်းသားကျောင်းသူ (၄၄၀) ဦးဖြေဆိုပြီး ဖြေဆိုမှု ရာခိုင်နှုန်း ၈၉ ဒသမ ၂၅ ရာခိုင်နှုန်း၊ ညောင်တုန်းမြို့နယ်တွင် စာစစ်ဌာန (၁၁) ခုမှ ဖြေဆိုသူ (၅၇၆)ဦး ဖြင့် ဖြေဆိုမှုရာခိုင်နှုန်း ၈၇ ဒသမ ၀၁ ရာခိုင်နှုန်း၊ ကြံခင်းမြို့တွင် စာစစ်ဌာန (၅) ခုမှ (၃၆၂) ဦးဖြင့် ဖြေဆိုမှုရာခိုင်နှုန်း ၉၄ ဒသမ ၅၂ ရာခိုင်နှုန်း၊ ဇလွန်မြို့နယ်တွင် စာစစ်ဌာန (၉) ခုမှ ဖြေဆိုသူ (၄၁၁) ဦး၊ ငွေဆောင်မြို့တွင် ဖြေဆိုသူ (၁၅၁) ဦးဖြင့် ဖြေဆိုမှုရာခိုင်နှုန်း ၈၄ ဒသမ ၃၆ ရာခိုင်နှုန်း၊ ချောင်းသာမြို့တွင် ဖြေဆိုသူ (၁၀၆) ဦး၊ သာပေါင်းမြို့နယ်တွင် ဖြေဆိုသူ (၆၁၈)ဦး ဖြေဆိုမှုရာခိုင်နှုန်း ၈၉.ဒသမ ၆၉ ရာခိုင်နှုန်း၊ ကန်ကြီးထောင့်မြို့နယ်တွင် ဝင်ရောက်ဖြေဆိုသူ (၇၁၃) ဦး ဖြေဆိုမှုရာခိုင်နှုန်း ၉၁ ရာခိုင်နှုန်း၊ ကျောင်းကုန်းမြို့နယ်တွင် စုစုပေါင်း(၇၁၆)ဦး ဝင်ရောက် ဖြေဆိုခဲ့ကြပြီး၊ ဖြေဆိုမှုရာခိုင်နှုန်း ၉၂ ဒသမ ၅၁ ရာခိုင်နှုန်း၊ ကျုံပျော်မြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း (၅၇၂) ဦးဖြင့် ဖြေဆိုမှုရာခိုင်နှုန်း ၉၃ ဒသမ ၇၇ ရာခိုင်နှုန်း၊ လေးမျက်နှာမြို့နယ်တွင် ဖြေဆိုသူ ၄၁၅ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း ၉၀ ဒသမ ၀၂ ရာခိုင်နှုန်း၊ အင်္ဂပူ မြို့နယ်တွင် ဖြေဆိုသူ (၆၈၀)ဦး ဖြေဆိုမှု ရာခိုင်နှုန်းမှာ ၉၃ ဒသမ ၂၈ ရာခိုင်နှုန်းရှိကြောင်း သက်ဆိုင်ရာ ပညာရေးမှူး ရုံးများထံမှ သိရသည်။
ယင်းသို့ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်း ရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များတွင် သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။
အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၀ ရက်နေ့ (မနက်ဖြန်) တွင် သင်္ချာဘာသာရပ်ကို ဖြေဆိုကြရမည်ဖြစ်၍ မတ်လ ၁၁ ရက်နေ့ (စနေနေ့) နှင့် ၁၂ ရက်နေ့ (တနင်္ဂနွေနေ့)တို့ကို ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်းသိရသည်။