အင်္ဂပူ စက်တင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ကုန်းပြင်ကျေးရွာအုပ်စု၊ ကုန်းပြင်ကျေးရွာ အ-မ-က(ကုန်းပြင်)တွင် ယမန်နေ့က လူဝန်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများအား နေ့ချင်းပြီးဆောင်ရွက်ပေးခြင်းနှင့် ကတ်ပြားပေးအပ်ခြင်း အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသီဟ၊ လူဝန်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်နိုင်တို့က ဝန်ထမ်းများမှ ကျေးရွာပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးမှူးအား ကြည့်ရှု အားပေးခဲ့ပြီး ပြည်သူ(၁၅၄)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ နေ့ချင်းပြီး ထုတ်ပေးခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)