အမာမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်

အမာ မတ် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ နေ့နေ့လယ် (၁) နာရီ အချိန်က စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး နော်လေးလီယန်က စာဖတ်ဝိုင်းပြုလုပ်ရသည့်  ရည်ရွက်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ‌ မောင်မိုးယံရေးသားထားသည့်  လူငယ်နှင့် အနာဂတ်ဘဝမြှင့်တင်ရေး ဆောင်းပါးများ  စာအုပ်မှ လူငယ်နှင့် စာပေမြတ်နိုးစိတ်အကြောင်းကို ဦးဆောင်ဖတ်ကြား ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်း တက်ရောက်လာကြသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များကလည်း မိမိတို့စိတ်ကြိုက် ဗဟုသုတရစေမည့် ဆောင်းပါးများကို ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခုကဲ့သို့ စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲများ၊ ကလေးများ ဥာဏ်ရည် ထက်မြတ်ပြီး စုပေါင်းစွမ်းရည်များ တိုးတက်မြင့်မားလာစေရန် စာအုပ်များငှားပေးခြင်းနှင့် အားကစားပြိုင်ပွဲများကိုလည်း လစဉ် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အမာ(ပြန်/ဆက်)