ပန်းတနော်မြို့တွင် ဆောက်လုပ်လျက်ရှိသည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့လူ မှုရေးဝန်ကြီး ကြည့်ရှုစစ်ဆေး

ပန်းတနော် မတ် ၉

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းသည် ယနေ့ နံနက် ၁၁ နာရီက  ပန်းတနော်မြို့နယ်တွင် ဆောက်လုပ်လျက်ရှိသည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အဦးအား လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ လာရောက်စစ်ဆေးရာတွင် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အဦးအား သတ်မှတ်ကာလအတွင်း ဆောက်လုပ်ပြီးစီးစေရန်နှင့် အရည်အသွေးကောင်းမွန်စေရန် လိုအပ်သည်များကို လမ်းညွှန်မှာကြားစစ်ဆေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကုမ္မဏီမှ တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)