ကဝမြို့နယ်၌ စပါးကြဲခင်းစိုက်ပျိုးမှုစနစ်မှ တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးဆောင်ရွက်နိုင်ရန် စပါးမျိုးစေ့ချကိရိယာ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ကဝ မတ် ၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ပဲခူးခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ၏ အနီးကပ်ကြီးကြပ်မှု၊ ကဝမြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ၏အစီအစဥ်ဖြင့် ကဝမြို့နယ်အတွင်းရှိ မိုးစပါး/နွေစပါး (၁)ဧကထွက်နှုန်းတိုးတက်စေရေးအတွက် စပါးကြဲခင်းစိုက်ပျိုးမှုစနစ်မှ တိုက်ရိုက်အစေ့ချစိုက်ပျိုးနိုင်ရန် စပါးမျိုးစေ့ချကိရိယာ(12 roll Seeder) လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကဝမြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ အတွင်းရေးမှူးဦးရဲကိုကို (မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး)က တိုက်ရိုက်အစေ့ချစိုက်ပျိုးမှုစနစ်အား ရှင်းလင်းပြောကြားကာ ရေတော်၊ မိုးတော်မိုးစပါးစိုက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား စပါးမျိုးစေ့ချကိရိယာ (12 Roll Seeder)အခု (၅၀)နှင့် အသင့်သုံး(EM)ဖျော်ရည်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)