ဖျာပုံ မတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကိုးအိမ်တန်းကျေးရွာအုပ်စု၊ နောင်တော်ကြီးကျေးရွာ တောင်သူ ဦးဇော်လှိုင်ထွန်း၏ ကွင်းအမှတ်(၄၉၉-A)၊ ဦးပိုင်အမှတ် (၁/၁)၊ ဧရိယာ(၁.၅၀)ဧကရှိ စိုက်ခင်း၌ ဆီထွက်သီးနှံ ဆောင်းနေကြာရေဆင်းစပ်မျိုး (၁/၁)မျိုးစေ့ထုတ် စိုက်ခင်းတွင် စံကွက်ရိတ်သိမ်းပွဲကို မတ်လ (၉)ရက်နေ့ နံနက်(၉)နာရီ အချိန်က ပြုလုပ်ခဲ့သည်။
ထိုသို့ဆီထွက်သီးနှံဆောင်းနေကြာ ရိတ်သိမ်းပွဲပြုလုပ်ရာတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ် ရေးမှူး ဦးတင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်လင်း၊ ခရိုင်/မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဝင်များနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဥမ္မာအေးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြပြီး ကိုးအိမ်တန်းကျေးရွာအုပ်စု၊ နောင်တောင်ကြီးကျေးရွာ တောင်သူ ဦးဇော်လှိုင်ထွန်း၏ (၁.၅၀)ဧကရှိ လယ်မြေ တွင် ဆီထွက်သီးနှံဆောင်းနေကြာ စံကွက်ရိတ်သိမ်းခြွေပြီး တစ်ဧကလျှင်နေကြာ (၂၉.၄၃)တင်း ထွက်ရှိကြောင်း သိရသည်။
ဖျာပုံမြို့နယ်အနေဖြင့် ဆီရိက္ခာဖူလုံစေရန်အတွက် ဆီထွက်သီးနှံ ဆောင်းနေကြာကို စိုက်ပျိုးဧက (၅၆၄)ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရ သည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)