မော်လမြိုင်ကျွန်းမြို့နယ်တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်

မော်လမြိုင်ကျွန်းမြို့ မတ် ၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဦးစီးဌာနမှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာ အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်သည်။

အဆိုပါ Talk Show အစီအစဉ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇာဇာလင်းက မြေငလျင်လှုပ်ရခြင်း အကြောင်းအရင်းများ၊ ငလျင်ရပ်ဝန်းဒေသများ၊ ငလျင်ဘေးကို အလေး ထားရမည့် ဒေသများ၊ ငလျင်ကြောင့်ဖြစ်သော ဆိုးကျိုးများ၊ ဆိုးကျိုးဖြစ်စေသည့် အကြောင်းအရင်းများ၊ ကြိုတင်ကာကွယ်ခြင်းများ၊ ငလျင်လှုပ်စဉ်ဆောင်ရွက်ရန်အကြောင်း အရင်းများ၊ ငလျင်လှုပ်ပြီးနောက် ဆောင်ရွက်ရန်အကြောင်းအရင်းများ၊ နောက်ဆက်တွဲငလျင် အကြောင်းအရင်းများကို တိတိကျကျ သေချာ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းက ဒေသခံပြည်သူများအား အသိပညာဗဟုသုတများ ရရှိစေရေးအတွက် Online ကတစ်ဆင့် လစဉ်ဆောင်ရွက်နေသည့် အခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)